သီပေါမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၁၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများအစရှိသည့် တာဝန်ကျဝန်ထမ်းများက ကြိုတင်ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ မဲပေးမည့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက စနစ်တကျစိစစ်၍ အိမ်တိုင်ရာရောက်မဲပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)