လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လင်းခေး ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့ ပြည်ငြိမ်းအေး အားကစားကွင်းရှိမိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ခြင်း မကျင်းပမီ၊ ကျောင်းသူကလေးများက Fitness dance ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် Langkho City ဖူ ဆယ်အသင်းနှင့် မိုးနဲ F.C အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လင်းခေးအသင်းက(၆)ဂိုး၊ (၁)ဂိုးဖြင့် ဗိုလ်စွဲအနိုင်ရရှိခဲ့ပါသည်။

ယင်းနောက် လင်းခေးမြို့၊ တပ်နယ်(လင်းခေး) မှတပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပွဲစဉ်တစ်  လျှောက်အကောင်းဆုံး ကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ပထမနှင့်ဒုတိယဆုရရှိကြသည့် အားကစားသမားများအားတစ်ဦး ချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)