နေပြည်တော် ဇန်နဝါရီ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး Digital နည်းလမ်းဖြင့်မှတ်ပုံတင်ရန်အတွက် အသုံးပြုလျက်ရှိသည့် FDMS နှင့် DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားခရိုင် မြေစာရင်းဦးစီးဌာန ရုံးဝင်းအတွင်းရှိ သီးနှံအထွက်နှုန်းဆန်းစစ်အကဲဖြတ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်က အလုပ်ရုံဆွေးနွေးပွဲကျင်းပ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အရာထမ်း/အမှုထမ်း ၁၆၆ ဦးတက်ရောက်ကြပြီး ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၄ ရက်ကြာ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)