ကျောက်ဆည် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီ၌ ရာသီသီးနှံများဖြစ်သည့် ကာလတို ဟင်းသီး၊ ဟင်းရွက်၊ သီးပင်၊ စားပင်များ စိုက်ပျိုးသည့်အပြင် ငရုပ်၊ ကြက်သွန်၊ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲသီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ပန်းခွာကျေးရွာအုပ်စု၊ ပန်းခွာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် မိရိုးဖလာ(ပက်ကျဲ)စနစ်အပြင် သိပ္ပံနည်းကျ စိုက်ပျိုးခြင်းဖြစ်သော ဘောင်စနစ်များဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက မြေ(၁)ဧကတွင် ပဲတီမျိုးစေ့(၄)ပြည်ခန့်အသုံးပြုရပြီး၊ သိပ္ပံနည်းကျ (ဘောင်စနစ်)ဖြင့် စိုက်ပျိုးပါက ပဲတီမျိုး (၂) ပြည်ခန့်အသုံးပြုစိုက်ပျိုးရကြောင်း၊ ထွက်နှုန်းအနေဖြင့် မြေ(၁) ဧကတွင် သွင်းအားစု၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်၍ ၁၇ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်၍ မှိုရောဂါပိုးဒဏ်ခံနိုင်သည့် ရေဆင်း(၁၁)နှင့်ရေဆင်း(၁၄)ပဲတီမျိုးများ ရွေးချယ်စိုက်ပျိုးရေးနှင့် စိုက်နည်းစနစ်များကူးညီပေးလျက်ရှိကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)