ဖားကန့် ဇန်နဝါရီ ၁၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံး ပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉နာရီက ဖားကန့်မြို့အခြေခံပညာ အထက်တန်းကျောင်းပညာရတနာအခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးမြတ်မင်းမင်းထိုက်က မဲပေးစက်ကိုင်တွယ်အသုံးပြုပုံ ပြုနည်းနှင့် ပတ်သက်၍ Power Point ဖြင့် စနစ်တကျရှင်းလင်း ပြောကြားပြီးနောက် မဲပေးစက် (၁၀)လုံးဖြင့် လက်တွေ့ သရုပ်ပြသရှင်းလင်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ စုစုပေါင်း (၂၇၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ(၁၁)ရက်မှ (၁၂ )ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)