ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ဝိုင်းမော်မြို့နယ်အတွင်း အပိုင်း (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဝိုင်းမော် ဇန်နဝါရီ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဝိုင်းမော်မြို့နယ် အတွင်း မဲရုံ (၂၉)ရုံ ဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ယမန်နေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာ မဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၃၉)နှင့် မဲရုံအမှတ် (၄၄)သို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျ ဆန္ဒမဲပေးနေမှုအခြေအနေများကို လှည့်လည်စစ်ဆေးခဲ့ကြပြီး ပြည်သူများ အစဉ်ပြေချောမွေ့စွာ မဲပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် နောင်တာလောကျေးရွာအတွင်း အခြေခံပညာအလယ် တန်းကျောင်း (ခွဲ) တွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၃၈)၌ လည်းကောင်း၊ ရပ်ကွက်(၁) အတွင်း အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁)နှင့် အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဖွင့်လှစ်ထားရှိသော မဲရုံအမှတ် (၂)တို့၌ လည်းကောင်း၊ ရပ်ကွက် (၄) အတွင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သာဂရတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၆)နှင့် မဲရုံအမှတ် (၇) တို့၌ လည်းကောင်း၊ ရပ်ကွက် (၃)အတွင်း အမှတ်(၁) အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် (၂၇)နှင့် မဲရုံ အမှတ်(၂၈) ၌ လည်းကောင်း၊ မိုင်းနားကျေးရွာအုပ်စု မခေါယန်ကျေးရွာအတွင်း အခြေခံပညာမူလ တန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၄၀) ၌ ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ လျှို့ဝှက် ဆန္ဒမဲပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ မဲရုံတာဝန်ရှိဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)