ပူတာအို ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက်(၆)နာရီမှစတင်၍ ကျင်းပလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လျှို့ဝှက်ဆန္ဒမဲပေးနေမှုများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးသည်။
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးထင်လင်းကျော်နှင့် ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ်အတွင်းရှိ အ.ထ.က (ထရန်ဒမ်း) ကျောင်း၌ ထရန်ဒမ်းကျေးရွာအုပ်စု မဲရုံအမှတ်(၂)၊ အထက(နမ်ခမ်)ကျောင်း၌ နမ်ခမ်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ အ.မ.က (အင်ဘူးဘော့) ကျောင်း၌ အင်ဘူးဘော့ ကျေးရွာအုပ်စု မဲရုံအမှတ်(၁၁)၊ အ.မ.က-၂ (မချမ်းဘော) ကျောင်း၌ ရပ်ကွက်(၄) မဲရုံအမှတ်(၁၀)၊ အထက(မချမ်းဘော)ကျောင်း၌ ရပ်ကွက်(၃) မဲရုံအမှတ်(၉)၊ အလက(မြို့မ)ကျောင်း၌ ရပ်ကွက်(၁/၂) မဲရုံအမှတ်(၆/၈) စသည့် မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာလျှိုဝှက် ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးသည်။
မချမ်းဘောမြို့နယ် ရွေးကောက်ပွဲအပိုင်း(၂)တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉)အုပ်စု၊ မဲရုံပေါင်း(၁၄)ရုံတွင် တတိယအကြိမ် အတည်ပြုပြီး မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၆၄၄၇) ဦးတို့က ယမန်နေ့ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ မဲပေးကြမည်ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)