သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်သစ်ကူးစတုဒီသာထမင်းဟင်းများ လှူဒါန်း

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် ဗိုလ်အောင်ကျော်လမ်း အိမ်အမှတ် ၃၀၈ နေ ဦးနေစိုးနိုင် + ဒေါ်ခင်နှင်းဝေ မိသားစု၏ နှစ်သစ်ကူးအာဟာရဒါနလှူဒါန်းပွဲအား နှစ်စဥ်လှူဒါန်းပေးလျက်ရှိသည်။

လှူဒါန်းပွဲတွင် ထမင်း၊ ဘဲဥဟင်းဆီပြန်၊ ငပိကြော်၊ သီးစုံဟင်းနှင့် အချိုရည်တို့အား ညနေပိုင်းမှစ၍ လှူဒါန်းလျက်ရှိရာ ရပ်ကွက်နေပြည်သူများဖြင့် အာဟာရဒါနကုသိုလ်ပြုပွဲ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဇော်မိုး