လှည်းကူး ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ၅၇ အုပ်စုရှိပြီး မဲရုံပေါင်း ၁၃၀ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၃၇၃၁ ဦးရှိကာ ဖွင့်လှစ်ထားရှိသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများသည် နံနက် (၆) နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိကြပြီး မဲရုံဖွင့်လှစ်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းများအား တိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွှတ်တော်အသီးသီးတို့တွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထက်ထက် (ပြန်/ဆက်)