မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်း 

မိတ္ထီလာ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတားနှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က မိတ္ထီလာမြို့နယ်အတွင်းရှိ အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေးသည်။

အဆိုပါ အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ဖြည့်စွက်ရန်ပုံငွေ ၅၆၉ ဒသမ ၂၄၂ သန်းဖြင့် လမ်းအရှည် ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ လမ်းအကျယ် ၃ ဒသမ ၆၆ မီတာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁ ဒသမ ၅၂ မီတာ၊ အကျယ် ၇ ဒသမ ၃၂ မီတာ၊ အမြင့် ၁ ဒသမ ၂၂ မီတာရှိ မြောင်းကူးတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)