ကွမ်းခြံကုန်းမြို့နယ် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ရပ်ကွက်/ကျေးရွာပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေ

ကွမ်းခြံကုန်း ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊‌ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၂) တွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေလျက်ရှိသည်။

လက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲမှ လွဲ၍အခြားနည်းမရှိပါ"၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်"၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့"၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများပါ လက်ကမ်းစာစောင်များအား ရပ်ကွက်/ကျေးရွာပြည်သူများသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)