သာစည်မြို့၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

သာစည် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သော မိတ္ထီလာ-တောင်ကြီးကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးအနီးနှင့် မြို့မဈေးကြီးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိတ္ထီလာ-တောင်ကြီးကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးအနီးတွင်လည်းကောင်း၊ မြို့မဈေးကြီးတွင်လည်းကောင်း၊ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈးဝယ်များထံ “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့်မဲပေးနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)