အမရပူရ ဇန်နဝါရီ ၈
အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာကျေးရွာအုပ်စု၊ ဘုံးအိုးကျေးရွာအုပ်စုနှင့် ပန်းချီကျေးရွာအုပ်စုတို့ရှိ မဲရုံများသို့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် မဲရုံများ၌ ပြည်သူများဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံများခင်းကျင်းထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ရွေးကောက်ပွဲပြုလုပ်ချိန်အတွင်း မဲရုံလုံခြုံရေးနှင့် မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများ၊ မဲရုံတာဝန်ကျသူများ၏ လုံခြုံရေးအား အထူးအလေးထားဆောင်ရွက်သွားရန်၊ မဲပေးစက်များနှင့်ပတ်သက်ပြီး လိုအပ်ချက်များနှင့် စက်ချို့ယွင်းမှုများဖြစ်ပေါ်က နည်းပညာအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ မဲရုံအဝင်လမ်း အထွက်လမ်းများအား စနစ်တကျ ထားရှိရန်နှင့် မဲရုံများနှင့် ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ် မဲရုံအတွင်းမဲဆန္ဒရှင်များအဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ထပ်မံဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)