ကျိုက်မရော ဇန်နဝါရီ ၈
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံ စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် နိတုံကျေးရွာအ.လ.က(ခွဲ)နိတုံ ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအ.လ.က(ခွဲ)နိတုံကျောင်းမှ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြတ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန် ပြည့်စုံစေရန် အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.လ.ကခွဲ နိတုံကျောင်း Grade-8 တန်းမှ ကျောင်းသူမမိုးသဥ္ဇာက လူငယ်နှင့်စာရိတ္တ၊ Grade-8 တန်းမှ မလင်းလက်သူက လူငယ်နှင့်စာဖတ်ခြင်း၊ မောင်ရောထောက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်၊ မင်းနွန်ထောက လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
စကားဝိုင်းဆွေးနွေးပွဲပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)