မိုင်းခုတ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းခုတ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဌေးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများနှင့် ပြည်သူ့စစ်မှုထမ်းရည်ရွယ်ချက်များနှင့်ပက်သက်၍ သိရှိနားလည်နိုင်စေရန် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)