လဲချား ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အ.လ.က(၁) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက တစ်နှစ်တာကျောင်းလုပ်ငန်း များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်ဆက်)