ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာ ရွှေကျီးယုံ သမိုင်းဝင်ဘုရာကြီး ရင်ပြင်တော် ကွန်ကရစ်ပတ်လမ်း ခင်းနိုင်ရေး မြေကြီးလိုင်းများတူးဖော်လျှက်ရှိ

​ကျောက်ဆည် ဇန်နဝါရီ-၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ ရွှေကျီးယုံဘုရားသို့ ဘုရားဖူးလာသူများ စိတ်အေးချမ်းစွာဘုရားဖူးနိုင်ရေးအတွက် ဘုရားရင်ပြင်တော် ကွန်ကရစ် ပတ်လမ်း ခင်းနိုင်ရေး သံရွာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြေကျင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ(၅)ရက် နံနက်(၁၀)နာရီက ရပ်မိ၊ ရပ်ဖ ဦးမောင်မြင့်၊ ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့် ကျေးရွာသူ၊ရွာသားများနှင့်အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

            မြေကျင်းတူးဖော်ရာတွင် ဘုရားရင်ပြင်တော် တစ်ဖက်စီတွင် ပေ(၄၅)ပေအရှည်၊ အနက်(၆)လက်မ၊ အကျယ်(၅)ပေ စုစုပေါင်းပေအရှည်(၁၈၀)ပေ တူးဖော်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော မြေများနှင့်အုတ်များအား ဘုရားပရဝုဏ်အတွင်း မျက်နှာပြင်ညီညာမှုရှိစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ရွှေကျီးယုံ ဘုရားသို့ နောင်ခမ်းကျေးရွာမှ ကျေးရွာသူ၊ရွာသားများ နေ့စဉ်ဘုရားဖူး လာရောက် လျှက်ပြီး ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်လျှက်ရှိသော သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ကြောင်း သိရှိရသည်။

  သက်မောင်(ကျောက်ဆည်)