ဘီးလင်း ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အ- ထ- က ၊ ဘီးလင်းကျောင်း (ပညာ့အားမာန်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ ကြိုတင်မဲဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ MEVM မဲပေးစက်နှင့် ပတ်သက်သည့်လုပ်ငန်းများစသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မဲရုံမှူးများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)