လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

လှည်းကူး ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ လှည်းကူးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဦးသန်း‌ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ‌ ကျောင်းများမှဆုရရှိသူများ၊ ကျောင်းသားမိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း‌ကျောင်း (မြို့မ) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါတယ်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်း‌ဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်တင်တို့က ပညာ‌ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပညာ ရည်ချွန်ဆုရရှိခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြ‌ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)