သီပေါ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြပွဲ၊ ပြခန်း ပြသဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများက ပြခန်းအတွင်း ပြသထားသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် စာအုပ်၊ စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါပြခန်းတွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သောအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအကြောင်းအရာများစသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတ/ရသ စာအုပ်စာစောင်မျိုးစုံတို့ကို ခင်းကျင်းပြသထာကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်