တိုက်ကြီး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပရာ ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲများတွင် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းမှ သင်တန်းသားများ ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကို ဘောလုံးအသင်း ၆ သင်း၊ ပိုက်ကျော်ခြင်းအသင်း ၁၀ သင်းတို့က ဇန်နဝါရီ ၄ ရက်အထိ ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)