ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ဦးဆောင်သော Stop Covid-19 ပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် မရမ်းကုန်း မြို့နယ်ကိုးမိုင်တော်ဝင်လမ်းရှိ ဝိတိုရိယ ဆေးရုံ၌ ကျင်းပသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး ဆေးရုံ၏ Stop Covid-19 ပညာပေး ဆိုင်ဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဝိတိုရိယဆေးရုံ၏ စီအီးအို ဒေါက်တာ အေးအေးစန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ယင်းအဝါရောင် Campaign အစီအစဉ်တွင် Mask တပ်ပါ၊ ခပ်ခွါခွါနေပါ၊ တစ်ဦးကို တစ်ဦးသတိပေးပါ၊ စသည့်အချက်များကို ပြည်သူများ အလေ့အထ တစ်ခုအဖြစ် သတိပြုနေထိုင်နိုင်ရေးအတွက် အသိပညာပေး အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရှိရ သည်။
အောင်မြင့်(ပြန်/ဆက်)