ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းပြုလုပ်

ကြည့်မြင်တိုင် ဇန်နဝါရီ ၅

ကိုဗစ်-၁၉ ကာလအတွင်း ရပ်ကွက်နေပြည်သူများအကြား အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ ရောဂါကာကွယ်ရေးတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရန်၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းစေရန်တို့ကို ရည်ရွယ်ကာ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ် လှူဒါန်းခြင်းကို ယမန်​နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်တွင် ပြုလုပ်ခဲ့ သည်။

အဆိုပါလှူဒါန်းမှုတွင် တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်၊ ဆီငါးဆယ်သား၊ ငါးသတ္တော ဆယ်ဘူး၊ ခေါက်ဆွဲခြောက် ၁ ဖာ၊ ကြက်သားမှုန့် တစ်ထုပ်နှင့် အအေး ၁၂ လုံးပါ၁ကဒ် တို့အပြင် Mask နှင့် လက်သန့်ဆေးရည်တို့ကို ကရင်အမျိုးသား ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂၀)စုနှင့် စည်ပင်သာယာ သန့်ရှင်ရေးဝန်ထမ်း အိမ်ထောင်စု(၁၀)စု၊ စုစုပေါင်း(၁၃၀)စုတို့အား စားသောက်ကုန်များ လှူဒါန်းပေးခဲ့ သည်။

လိုအပ်နေသော အခြေခံလူတန်းစား နေအိမ်များဆီသို့ အရောက်ပေးပို့ လှူဒါန်းရာတွင် အမှိုက်များ စုစည်းသိမ်းဆည်း စနစ်တကျထုပ်ပိုးစေပြီး (အမှိုက်အိတ်နှင့် စားသုံးကုန်ပစ္စည်း) လဲလှယ်ပေးခြင်းကို  အလူရှင်များနှင့် We Love Yangon တို့ ပူးပေါင်းကာ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းမှု အစီအစဉ်အား We Love YANGONမှ တာဝန်ရှိသူများ၊ We Love KYEEMYINDINE အဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးတာဝန်ခံ၊ သန့်ရှင်းရေးဝန်ထမ်း များမှ ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းမှုအစီစဉ်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်နှင့် အဖွဲ့မှလည်း ပါဝင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)