ပျဉ်းမနား ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်သမဝါယမဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှဆောင်ရွက်လျက်ရှိရာ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ပျဉ်းမနားမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာ၌ MSME လုပ်ငန်းအနေဖြင့် တံမြတ်စည်း ချော/ကြမ်းကုန်ထုတ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းထံ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် သမဝါယမအသင်းအချင်းချင်း ပံ့ပိုးငွေကျပ်(၃၀၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုထောက်ပံ့ဆောင်ရွက်ပေးသော ပံ့ပိုးငွေဖြင့် လုပ်ငန်းများပိုမိုတိုးချဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် ပံ့ပိုးငွေများဆုံးရှုံးမှုမရှိစေရေးအတွက် အသင်းတာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)