ပင်လုံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပင်လုံ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ​​ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ပြီး ယှဥ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူ​​လေးများအား အာဟာရမုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဥာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဥာဏစွမ်းရည်ပြိုင်ပွဲအား ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်လေးများအား မျက်စိလျင်စေခြင်း၊ စကားလုံးတွေတိုးတက်စေခြင်း၊ ဥာဏ်ရည်ထက်မြက်စေခြင်း၊ ပျော်ရွင်ထက်မြက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေလို၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)