သုံးခွ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးမှသည် စည်းလုံးညီညွတ်သည့် နိုင်ငံတော်သစ်ဆီသို့ ” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးမှသည် စည်းလုံးညီညွတ်သည့် နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအောင်ပွဲဒို့ဆင်နွှဲ” ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး၊ မူလတန်းအဆင့်စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် (၉) ဦး စုစုပေါင်းပြိုင်ပွဲဝင် (၇၄) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ယှဥ်ပြိုင်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သဲမာထွေးနှင့် အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)