မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌ မယ်လမုစေတီတော်ကြီး (၅၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲ‌တော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင်အခမ်းအနားနှင့် မဟာပဌာန်းကျမ်းမြတ်ရွက်ဖတ်ပူ‌ဇော်ပွဲကျင်းပ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲတော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင်အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပင့်သဃာတော်များက စေတီ‌တော်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့သည်။

ဦးစွာ ပင့်ဖိတ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿမဟာပဏာမသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ စေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ဆုတောင်းပြည့် မေလမုစေတီတော် ဩဝါဒါစရိယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဉာဏိန္ဒ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဇလွန်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ တိုင်းသံဃနာယကအဖွဲ့၀င် မဟာကမ္မဌာနာစရိယ၊ ပရိယတ္တိသဒ္ဓမ္မာနုဂ္ဂဟဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဝိသာရဒ ဓမ္မာဝိဟာရကျောင်းတိုက်ဆရာတော်ထံမှ အနုမောတနာတရားနှင့် ရေစက်သွန်းချတရားနာယူကြရာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။

ယင်းနောက် ဆုတောင်းပြည့် မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၆) ကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ကို နံနက် ၉ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးတွင် ဆက်လက်ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ စေတီတော်ကြီးဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿမဟာပဏာမသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာအား (င) ရပ်ကွက် သံဃနာယကဥက္ကဋ္ဌ အောင်မေတ္တာဝါဒီကျောင်း ဆရာတော်ကရွတ်ဖတ်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဇလွန်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့‌နောက် ဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တနာဂသေနက နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ ရွှေတောင်မှော်ကျောင်း ဆရာတော်မှ ပဋ္ဌာန်းတိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွမ်းဂါထာရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်များမှ ပဋ္ဌာန်းပစ္စယုဒေသ သုံးကြိမ်သံပြိုင်ရွတ်ဆိုကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ အလှည့်ကျဆရာတော်‌က ပဌာန်းဒေသနာမြတ်များအား ဆက်လက်ရွက်ဖတ်ပူဇော်လျက်ရှိရာ ၂၉-၁-၂၀၂၅ရက် နံနက် ၉ နာရီမှ ၂-၁-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအထိ မဟာကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါဆုတောင်းပြည့်မယ်လမုစေတီတော် ၅၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်လျက်ရှိရာ ပင့်သံဃာတော်အရှင်သူမြတ် ၁၀၉ ပါးတို့အား ၂-၁-၂၀၂၆ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဓမ္မာရုံအဖွဲ့များ၊ ဆွမ်းလောင်းအသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်အပေါင်းတို့မှ ၀၉၇၅၇၀၃၆၁၅၂ ၊ ၀၉၆၉၃၇၄၆၉၄၂ ဖုန်းတို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း‌နှင့် ဘုရားပွဲတော်အား ၂-၁-၂၀၂၆ ရက်နေ့မှ ၁၂-၁-၂၀၂၆ ရက်နေ့ထိ ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတော်များအား ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)