ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲပေးမည့်ပြည်သူများအနေဖြင့် မဲရုံဖွင့်လှစ်မည့် နံနက် ၆ နာရီ မထိုးခင်ကပင် ဆန္ဒမဲပေးရန် ရောက်ရှိနေကြကြောင်း ဆူးကုန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၉၅ အုပ်စု၊ မဲရုံ ၁၈၉ ရုံ၊ အမျိုးသားမဲဆန္ဒရှင် ၈၈၈၅၆ ဦး၊ အမျိုးသမီးမဲဆန္ဒရှင် ၁၀၁၂၅၅ ဦး၊ စုစုပေါင်း ၁၉၀၁၁၁ ဦး ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)