ကျောက်ဆည် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးမြင့်အောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်လျက်ရှိသည့် ကျောက်ဆည်မြို့နယ် မဲရုံများသို့ ဆန္ဒမဲလာရောက်ပေးသည့် ပြည်သူများ ရေသန့်ဗူး၊ အချိုရည်၊ ဒိန်ချဉ်ဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ရေသန့်ဗူး၊ အချိုရည်၊ ဒိန်ချဉ်ဗူးများ ဝေငှရာရာ၌ မဲဆန္ဒရှင်ပြည်သူ ဦးရေများသည့် ကျောက်ဆည်မြို့နယ်မှ အ.ထ.က(၁)၊ အ.ထ.က(၂)၊ လက်ပန်ကျေးရွာ၊ ဆူလေကုန်းကျေးရွာ၊ ဟံမြင့်မိုရ်ကျေးရွာ၊ သံရွာကျေးရွာမဲရုံများသို့ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ဇော်ဟိန်း၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထိုက်ထိုက်ဇော် တို့နှင့်အတူ သွားရောက်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဆန္ဒမဲလာရောက်ပေးကြသည့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရေသန့်ဗူး၊ အချိုရည်၊ ဒိန်ချဉ်ဗူးများ ဝေငှပေးခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ အမျိုးသား ၈၈၈၅၆ ဦးနှင့် အမျိုးသမီး ၁၀၁၂၅၅ ဦး စုစုပေါင်း ၁၉၀၁၁၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)