မော်လမြိုင် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် မော်လမြိုင်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသောမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက်ဆန္ဒမဲ လာရောက်မဲပေးကြကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာ၌ မဲရုံ၀န်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများကလည်း စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)