မှော်ဘီမြို့နယ်၌ရပ်ကွက်ကျေးရွာအုပ်စု(၄၃)စုရှိမဲရုံအသီးသီး၌ မဲဆန္ဒ ရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေး

မှော်ဘီ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ယနေ့နံနက် (၆)နာရအချိန်မှစတင်ကာမဲရုံအသီးသီး၌ မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြကြောင်းနှင့် မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက်ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိ အချိန်တွင် သက်ဆိုင်ရာမဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက်စောင့်ဆိုင်းနေသည့်မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။ မှော်ဘီမြို့နယ်အနေဖြင့် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၉) အုပ်စု စုစုပေါင်း(၄၃)ခုရှိ မဲရုံပေါင်း(၁၆၆) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

စန်းဝင်း