မရမ်းကုန်းမြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေကို စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး လိုက်လံစစ်ဆေး

မရမ်းကုန်း ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မဲရုံများကြိုတင်ပြင် ထားရှိမှုအခြေအနေအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာမဲရုံအလိုက် ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မရမ်းကုန်း မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သလ္လာဝတီလမ်း၊ အ-မ-က(၁)ရှိ မဲဆန္ဒရှင်စုစုပေါင်း ၇၇၅၉ ဦး မဲပေးမည့် မဲရုံ(၃)ရုံ၊ အမှတ်(၁၀)ရပ်ကွက်၊ အ-လ-က(၂)ချော်တွင်းကုန်းရှိ မဲဆန္ဒရှင်စုစုပေါင်း ၅၄၉၄ ဦး မဲပေးမည့် မဲရုံ(၂)ရုံ၊ အမှတ် (၈)ရပ်ကွက်၊ ရေစက်လမ်း၊ အထက(၄)ရှိ မဲဆန္ဒရှင်စုစုပေါင်း ၃၀၇၈ ဦး မဲပေးမည့် မဲရုံ(၂)ရုံ၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်ဘုရားဝင်းဆွမ်းလောင်းရုံရှိ မဲဆန္ဒရှင် ၃၆၀၇ ဦး မဲပေးမည့် မဲရုံ(၁)ရုံ၊ အမှတ်(၄)ရပ်ကွက်၊ ဆည်မြောင်းဆွမ်းလောင်းရုံရှိ မဲဆန္ဒရှင် ၂၃၆၃ ဦး မဲပေးမည့် မဲရုံ(၁)ရုံ၊ အမှတ်(၆) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမက(၂၁)ရှိ မဲဆန္ဒရှင် ၃၈၈၄ ဦး မဲပေးမည့် မဲရုံ (၂)ရုံ တို့အား သွားရောက်စစ်ဆေးခဲ့ရာ မဲရုံပရဝုဏ်အတွင်း ခင်းကျင်းမှုများ စနစ်တကျရှိစေ‌ရေး၊ မဲပေးရမည့် ပုံစံအား ပြသပေးမည့် TV များ တပ်ဆင်ထားရှိစေရေး၊ မဲရုံတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ ပြည့်စုံမှုရှိစေရေးနှင့် ဆက်သွယ်မှုများ ပြုလုပ်ထားရှိစေရေး၊ မဲပေးစက်များအား ကြိုတင်စမ်းသပ်ထားရှိစေရေး လိုအပ်သည်များရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မဲရုံတစ်ရုံချင်းစီအလိုက် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ စနစ်တကျရှိစေရေး၊ မဲပေးမည့်သူများ တန်းစီရာတွင် အရိပ်ရစေရန်အတွက် ယာယီ အမိုးအကာတဲများ ပြုလုပ်ပေးစေရေး၊ မဲပေးမည့်သူများအတွက် သောက်ရေသန့်ဗူးကြီးများ စီစဉ်ပေးရေးတို့ကို ဆောင်ရွက်ထားရှိရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)