အလုံ ဒီဇင်ဘာ ၂၈
အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ မဲရုံများအား ဒီဇင်ဘာ ၂၇ ရက်နေ့က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့် အတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လိုက်လံပြသခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက်၊ စကားစိမ်းလမ်း၊ သာသနာ့အလင်းရောင်ဓမ္မာရုံရှိ မဲရုံ(၂)ရုံ၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အ-ထ-က(၄)ကျောင်းရှိ မဲရုံ(၂)ရုံ၊ ကရင်ခြံရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၄)မူလတန်းကြိုကျောင်းရှိ မဲရုံ (၁)ရုံစသည့် မဲရုံအသီးသီးတွင် မဲပေးစက်များပြင်ဆင် နေရာချထားမှု၊ လုံခြုံရေးအဖွဲ့များ တာဝန်ချထားမှု၊ မဲရုံအဖွဲ့ဝင်များမှ မဲပေးစက်များအား စမ်းသပ်မဲပေးနေမှုအားကြည့်ရှုခဲ့ပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်းသိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)