ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်တံတားမြို့နယ်အတွင်း မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကွင်းဆင်းစစ်ဆေး

ကျောက်တံတား ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှနယ်မြေတာဝန်ခံအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၁ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ အမှတ်(၇၇)ရှိ မဲရုံနေရာသို့ရောက်ရှိ၍ မဲရုံပြင်ဆင်ထားရှိမှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကိုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့်တာဝန်ရှိသူများက မဲရုံပြင်ဆင်ထားရှိမှုနှင့်မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကြည့်ရှုစစ်ဆေး စမ်းသပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သည်။

အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နယ်မြေတာဝန်ခံများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင်အတွင်းရှိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီကိုယ်စားလှယ်များက ကြည့်ရှုခဲ့ကြပြီး လမ်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့်အဖွဲ့သည် အလားတူ အမှတ်(၂)ရက်ကွက်နှင့် အမှတ်(၉)ရက် ကွက်များရှိမဲရုံများ ပြင်ဆင်ထားရှိမှုများကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)