လှိုင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန် နှင့် ဆီပေးအပ်ပွဲအခမ်းအနားကျင်းပ

လှိုင် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးကြီး ဇေယျာထွေးနှင့် တာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များကိုယ်စား မရမ်းကုန်းခရိုင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ပေးအပ်ထောက်ပံ့ရာတွင် မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်များနှင့် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)