ပင်းတယ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ် ယနေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ဒေသဦးစီးအဖွဲ့ရုံး၌ စုရပ်ထားကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပထမအသုတ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် ပင်းတယမြို့နယ်မှ ရပ်ကွက် ၁၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) စုမှ မဲရုံ (၄၉) ရုံအတွက် မဲရုံတာဝန်ခံများအား ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲကာ မဲရုံတာဝန်ခံများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား စနစ်တကျအပ်နှံပေးခဲ့ကြောင်း သိရသည်။
ဓနုဒေသ (ပြန်/ဆက်)