ကျောက်တန်း ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် စာပေသစ်ပင်စိုက်ပျိုးခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေကုန်း အ.မ.က ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာပေသစ်ပင်စိုက်ပျိုးခြင်း စီမံချက်တာ၀န်ခံ ဆရာမ ဒေါ်သက်ထားဆွေမှ သင်တန်းဆင်းအမှာစကား ပြောကြားကာ သင်တန်းတာ၀န်ခံဆရာဦးအောင်ကို၀င်းမှ သင်တန်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။
ဆက်လက်ပြီးသင်တန်းမှ ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး ဆုရသင်တန်းသားတစ်ဦးမှ သင်တန်းအတွေ့အကြုံများအား ပြန်လည်မျှဝေခဲ့သည်။ အခမ်းအနားကို သင်တန်းတာ၀န်ရှိသူများ သင်တန်းသားသင်တန်းသူများ၊ ဆုရကျောင်းသူကျောင်းများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်/ဆက်)