မော်လမြိုင်မြို့ ရွှေမြိုင်ခန်းမတွင် နိုင်ငံပြင်ပရောက်ရှိနေသူများ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်

မော်လမြိုင် ဒီဇင်ဘာ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၂(က)အရ ကော်မရှင်က ပေးပို့သည့် နိုင်ငံပြင်ပရောက်ရှိနေသူများဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့သည်။

 နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းအခမ်းအနားကို မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းများအား ကြိုတင်ဆန္ဒမဲပေးရန် အဆိုပြုသူ (၁၀၄) ဦးရှိသည့် အနက် (၈၄) ဦးမှ ဆန္ဒမဲပေးခဲ့ကြသည်။

ကြိုတင်မဲများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများရှေ့တွင် ဖွင့်ဖောက်ရေတွက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင်လည်း မြို့နယ်အလိုက် ကြိုတင်မဲများ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ရေတွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)