ပင်လုံ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများတွင် တာဝန်ကျသည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားခဲ့ပြီးနောက် မဲရုံ (အတွင်း/အပြင်) ပြင်ဆင်ထားရှိမှုအပေါ် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
အယ်မင်း(လွိုင်လင်)