ပေါင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍအရင်းနှင့် အတိုးများလွှဲပြောင်းအပ်နှံခြင်းနှင့် ရန်ပုံငွေပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများကကျေးရွာ (၅) ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာ၌ မြန်မာဆယ်မားအူးလ်အွန်ဒုန်ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလွန်ကာလ (၂၀၂၅) ခုနှစ်၏ ဝင်ငွေတိုးတက်ရေးကဏ္ဍ အရင်းနှင့်အတိုးရရှိငွေများအား လွှဲပြောင်းအပ်နှံရာအဟောက်ကျေးရွာ၊ ဒေးကင်းကျေးရွာ၊ ဥက္ကံကျေးရွာ၊ ကော့ထော်ကျေးရွာနှင့် ကဒိုင်ကျေးရွာများမှ စိုက်ပျိုးရေးဦးစီးဌာနသို့စုစုပေါင်း (၄၂၁၁၄၇၃၈၉/-) ကျပ်အား လွှဲပြောင်းအပ်နှံခဲ့ပါသည်။
ထိုကျေးရွာများသို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ စီမံကိန်းလွန်ကာလ (၂၀၂၆) ခုနှစ်အတွက်ဝင်ငွေတိုးကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍနှင့် လူနေမှုပတ်ဝန်းကျင်တိုးတက်ရေးကဏ္ဍ၊ ကဏ္ဍ (၃) ရပ်တွင် သုံးစွဲရန်အတွက် ပြန်လည်ပေးအပ်ခဲ့သည်။
မွန်မလေး (ပြန်/ဆက်)