ရန်ကုန် ဒီဇင်ဘာ ၂၄
"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နှင့် ပတ်သက်ပြီး မီဒီယာများအား အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သဘာပတိဒေါက်တာစန်းဦးက အမှာစကားပြောကြားပြီး ဥပဒေရေးရာကော်မတီအဖွဲ့ခေါင်းဆောင် ဦးရဲမင်းစိုးက မိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် ဟောပြောပွဲကို ကျင်းပရာ ဦးမြတ်စိုး (လှိုင်) ဦးရဲမင်းစိုးတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" များ မီဒီယာများ ရွေးကောက်ပွဲသတင်းရယူခြင်း ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ အွန်းလိုင်းသတင်းဖော်ပြချက်များဆိုင်ရာ စံနှုန်းများ၊ သတင်းသမားများနှင့် လူမှုမီဒီယာအသုံးပြုမှု၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်၊ တရားမဲ့ပြုကျင့်မှုများအကြောင်းတို့ကို ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါအသိပေးဟောပြောပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)