ရေး ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက်တာဝန်ရှိသူများသည် ယမန်နေ့က မြသီတာဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင်၊ မြို့နယ်ရဲတပ်မှူးရဲမှူး ဉာဏ်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးလွင်နှင့် မြို့နယ်လျှပ်စစ်ဦးစီးမှူးဦးကျော် စိုးထိုက်တို့က ဈေးအတွင်းတည်ခင်းရောင်းချလျက်ရှိသည့် ဈေးဆိုင်များ၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မီးသတ်ဆေးဘူး တပ်ဆင်ထားရမည်ဖြစ်ကြောင်း၊ သုံးစွဲနေသည့်မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိ/မရှိနှင့် သက်တမ်းလွန်မဖြစ်စေရေး သတိပြုရမည် ဖြစ်ကြောင်း၊ ဆိုင်ခန်းများတွင်တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးအတွင်းအသုံးပြုနေသည့် ရေတွင်း၊ ရေကန်ရေပိုက်ခေါင်းများ ကောင်းမွန်မှု ရှိ/မရှိနှင့်အပေါ့စားမီးသတ်စက်အစရှိသည့် မီးချိတ်/မီးကပ်၊ မီးသတိပြုရေးစာတမ်းများ ချိတ်ဆွဲထားခြင်း၊ မီးသတ်ဆေးဘူး စနစ်တကျထားရှိမှုရှိ/မရှိတို့ကို လိုက်လံစစ်ဆေးပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြရှင်းလင်းပေးသည်။
ထို့နောက်စစ်ဆေးရေးအဖွဲ့မှ ဈေးကော်မတီဝင်များ၊ ဈေးသူ/ဈေးသားများနှင့်တွေ့ဆုံ၍ လိုအပ်သည့်အချက်များ ဖြည့်စွက်ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး အလားတူ ရေးမြို့နယ်အတွင်း ကျန်ရှိသည့်ဈေးများတွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ