တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

တံတားဦး ဒီဇင်ဘာ ၂၄

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တံတားဦးမြို့ မြို့မဈေး၊ နွားကျော်ဒဈေးနှင့် လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များသို့ ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုမောင်နှင့်ဝန်ထမ်းများက မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)