တံတားဦး ဒီဇင်ဘာ ၂၄
မကြာမီကာလအတွင်း ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ထိုသို့ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိမှုအပေါ် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုကြပြီး မိမိတို့၏မဲစာရင်းအမှတ်စဉ်များ မှတ်သားထားကြပြီး မဲလာရောက်ပေးချိန်တွင် မိမိတို့၏မှတ်ပုံတင်မူရင်းကို ယူဆောင်လာပြီး လာရောက်မဲပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)