မော်လမြိုင် ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စုပေါင်းသွေးလှူဒါန်းပေးကြသည့် ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းနေမှုတို့အပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများအား အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီး မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးက မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)