ချောင်းဆုံ ဒီဇင်ဘာ ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ဖြန့်ဝေပေးခြင်းကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဖြန့်ဝေပေးရာတွင် မဲရုံအတွင်းအသုံးပြုမည့် မဲရုံဆိုင်းဘုတ်၊ ကြိုတင်မဲပုံးများ၊ ကြိုတင်မဲလက်မှတ်များ၊ မဲလက်မှတ်သိမ်းဆည်းပုံး၊ ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ မဲရုံတာဝန်ကျဝန်ထမ်းများ ကပ်ထားရန်စတေကာများ၊ မှင်ဘူး၊ဘောပင်နှင့် စက္ကူလိပ်စသည့်ဖြင့် ပစ္စည်း (၁၆) မျိုးကို ဖြန့်ဝေပေးခဲ့ပြီး ချောင်းဆုံမြို့နယ်အတွင်း၌ မဲရုံပေါင်း (၇၃) ရုံးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။
ကိုကျော် (ချောင်းဆုံ)