သာကေတ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ သာကေတမြို့နယ်ရှိရပ်ကွက် စာကြည့်တိုက်များသို့ တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်ဦးဆောင်၍ ဝန်ထမ်းများမှ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားရန် စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ၊ ရသစာအုပ်များကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်၊ စာငှား၊ အသင်းဝင်တိုးတက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ သာကေတမြို့နယ်ရှိ ရပ်ကွက်စာကြည့်တိုက်မှူးများက စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်များ၊ စာဖတ်၊ စာငှားအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဝာာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)