ကျောက်ဆည် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများအား ယမန်နေ့ကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ (တတိယ)အကြိမ် ထုတ်ပြန်ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ထိုသို့ (တတိယ)အကြိမ် မဲစာရင်းများကပ်ထားကြေညာခြင်းများကို မြို့ပေါ်ရပ်ကွက်အုပ်စုများနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများက မဲစာရင်းတွင်မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိကို လာရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အမျိုးသား ၈၈၈၅၆ ဦး၊ အမျိုးသမီး ၈၀၁၂၅၅ ဦး ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)