ကျိုက်ထို ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ (တတိယအကြိမ်)ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကြေညာထားမှုကိုသက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်ပြည်သူ များလာရောက်ကြည့်ရှုကြပြီး တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်)ကပ်ထားကြေညာခြင်းကို ရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်မှ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက် မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၁)၌ပါဝင်ပြီး ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုတို့၌ လျာထားမဲရုံ(၃၇)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပြည့်ဖြိး(ပြန်/ဆက်)