မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င် ဗိုလ်မှူးဖြိုးဝေလင်းတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သင်းသင်းမိုးက တည်ဆဲအခွန်ဉပဒေများအရ လိုက်နာရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းပြည်သူ (၇၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)